top of page
Search

ကိုယ်နံ့ပြင်းလွန်းရတဲ့ အကြောင်းရင်းက ဘာများလဲ

  • Writer: Htoo Wai Lwin
    Htoo Wai Lwin
  • Nov 7, 2020
  • 1 min read

ကိုယ်နံ့ဆိုတာကတော့ လူတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားေတွမှာပေါ့။ လူတော်တော်များများကတော့ ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်မှာ၊ ချွေးပေါက်ေတွထဲမှာ အောင်းပြီးပွားနေလို့ ကိုယ်နံ့နံရတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ရောဂါတစ်ခုခုရှိနေတာ စတာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ့် အကြောင်းရင်းတွေက ဘာလဲကြည့်လိုက်ကြရအောင်။

ကိုယ်နံ့ဆိုတာ ဘာလဲ။ ကိုယ့်အတွက် သာမန်အနံ့လိုပဲ ထင်နိုင်ပေမယ့် တခြားသူတွေအတွက် စိတ်ကသိကအောက် ဖြစ်လောက်စရာ ပြင်းလွန်းတဲ့ အနံ့အသက်မျိုးကို ကိုယ်နံ့လို့ ခေါ်ပါတယ်။

ကိုယ်နံ့က ဘယ်နေရာတွေမှာ ပိုပြင်းထန်နိုင်လဲ။ ချွေးနံ့တစ်ခုတည်းမှာ အနံ့မရှိပေမဲ့ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်လာတာကြောင့် ချွေးက အနံ့ပြင်းရတာ ဖြစ်ပါတယ်။ အထူးသဖြင့်

ခြေထောက် ပေါင်ခြံ ချိုင်း လိင်အင်္ဂါတစ်ဝိုက် ဆီးခုံမွေးနဲ့ တခြားသော အမွေးရှိရာနေရာ ချက် စအို နားရွက်အနောက်အပြင် တစ်ကိုယ်လုံး နေရာအနှံ့ ကိုယ်နံ့ပိုပြင်းနိုင်ပါတယ်။ ချွေးနံ့ ပြင်းရတာ ဘာကြောင့်လဲ။ အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေဟာ ချွေးနဲ့ရောသွားတာကြောင့် အနံ့ပြင်းလာရတာဖြစ်ပါတယ်။ လူပျို၊ အပျိုဖြစ်ကာစမှာ ချွေးတွေ အရမ်းထွက်လာတာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်လွန်းတာကြောင့် ကိုယ်တွင်းချွေးနံ့တွေ ပြင်းလာတတ်ပါတယ်။ အပြင်မှာ တစ်နေကုန် အလုပ်လုပ်နေရသူတွေ၊ ချွေးထွက်သန်တာ၊ အဝလွန်သူတွေ၊ အစပ်စားလွန်းတဲ့သူတွေ၊ တချို့သော ကျန်းမာရေပြဿနာတွေဟာလည်း ကိုယ်နံ့၊ ချွေးနံ့ပြင်းတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

ကိုယ်နံ့မပြင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ။ ၁။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောပြီး ရေချိုးသန့်စင်ပါ။

၂။ အပြင်က ပြန်လာပြီးတိုင်း ချွေးခြောက်တာနဲ့ ရေချိုးပါ၊ ဒါမှမဟုတ် ရေပတ်တိုက်ပေးပါ။

၃။ အဝတ်အစား ထူကျပ်လွန်းတာတွေ သိပ်မဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်မယ့် ချည်သားအကျီမျိုးတွေ ပိုဝတ်ပေးပါ။

၄။ အတွင်းခံဘောင်းဘီကိုလည်း အရမ်းကျပ်နေတာတွေ မဝတ်ပါနဲ့။

၅။ ချွေးထွက်များလွန်းတဲ့ နေရာတွေဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ခြေထောက်တွေကို ဂရုစိုက်ပြီး တိုက်ချွတ်ဆေးကြောပါ။

၆။ ကိုယ်က မကြာခဏ အပြင်သွားနေရတယ်၊ လူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတယ်ဆိုရင် ကိုယ့်ချွေးနံ့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရစေဖို့ ရေမွှေးတစ်ခုခု စွတ်ထားပါ။

၇။ အဝတ်အစားတွေကို တစ်ကြိမ်ထက်ပိုပြီး မဝတ်ပါနဲ့။ အထူးသဖြင့် ဝတ်ပြီးသားအတွင်းခံတွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တဲ့အကျင့်ကို ဖျောက်သင့်ပါပြီ။

၈။ ပူ၊ စပ်လွန်းတဲ့ အစားအစာတွေ လျှော့စားပါ။

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြဖို့ လိုအပ်ပြီလဲ။ အပေါ်မှာ ပြထားတဲ့ နည်းလမ်းတွေ လုပ်ကြည့်ပြီးလို့မှ လုံးဝမသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ အကောင်းဆုံးပါပဲ။ အကြောင်းရင်းလည်း မရှိ၊ ရာသီဥတုလည်း ပူမနေဘဲ ချွေးတွေ အရမ်းထွက်နေတာ၊ ညဘက် အိပ်နေတဲ့အချိန်ဆို ချွေးပြန်လာတာ၊ ဒီကိုယ်နံ့၊ ချွေးနံ့ကြောင့် ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းတွေ ထိခိုက်လာတာ၊ ပတ်ဝန်းကျင်ကလူတွေ ပြောရလောက်တဲ့အထိ အနံ့အသက်တွေ ပြင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။

 
 
 

Комментарии


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by COOL'S Alum. Proudly created with Wix.com

bottom of page