top of page
Search

နှစ်ရက်တိတိ ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

  • Writer: Htoo Wai Lwin
    Htoo Wai Lwin
  • Nov 7, 2020
  • 1 min read

ရေချိုးမလား၊ ရေမချိုးဘူးလား။ ဒီပြဿနာဆိုတာ လူတော်တော်များများ အထူးသဖြင့် ယောက်ျားလေးတွေ၊ အေးစက်တဲ့ ဆောင်းတွင်းရာသီမျိုးတွေမှာ ခဏခဏ မိမိကိုယ်ကို တိုက်ပွဲဝင်နေရတဲ့ ပြဿနာတစ်ခုပါ။ တချို့ကလည်း ရေကို နေ့တိုင်းချိုးပေးရမယ်တဲ့၊ တချို့ကျတော့လည်း နေ့တိုင်း ရေမချိုးလည်း ဖြစ်တယ်တဲ့။ ဘယ်သူ့ကို နားထောင်လို့ ယုံကြည်ရမှန်းမသိတော့တဲ့အခါ ကိုယ်လုပ်ချင်သလို လုပ်၊ နေချင်သလို နေတော့မယ် စဉ်းစားထားရင် ဒီဆောင်းပါးကို ဖတ်ကြည့်စေချင်ပါတယ်။

နှစ်ရက်တိတိ ရေမချိုးမိတဲ့အခါ ၁။ သင့်ရဲ့ ခန္ဓာကိုယ်က ရောဂါပိုးမွှားပေါင်းစုံရဲ့ ဌာနချုပ်ကြီး ဖြစ်လာမယ်။ လူ့အရေပြားပေါ်မှာ ဘက်တီးရီးယားပေါင်းစုံက အချိန်ပြည့်ရှင်သန်နေသလို နာရီနဲ့အမျှ အကောင်ရေ ပွားများနေတယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ အကယ်လို့ မသိဘူးဆိုရင် ကိုယ့်ခန္ဓာကိုယ်ရဲ့ ချွေးငုပ်တဲ့နေရာတစ်နေရာကို လက်ဖြင့်ပွတ်သပ်ပြီး နှာခေါင်းနားမှာ တေ့ရှူကြည့်ပါ။ အောက်သိုးသိုး အနံ့တစ်ခုရနေပြီဆိုရင် သေချာပါတယ်၊ ဘက်တီးရီးယားပိုးတွေ ချွေးပေါက်ထဲမှာ အောင်းပြီး အကောင်ပေါင်းများစွာ ပွားများနေပါပြီ။

ဒီတော့ နှစ်ရက်လောက် ရေမချိုးဘဲ ခန္ဓာကိုယ်ကြီးကို ပစ်ထားတဲ့အခါ ရောဂါပိုးတွေ စိတ်ကြိုက် နေချင်သလိုနေ၊ ကိုယ်ထိတွေ့မိတဲ့၊ လှဲအိပ်လိုက်တဲ့ နေရာတိုင်းမှာ ရောဂါပိုးတွေ ကပ်ကျန်ခဲ့မယ်။ တခြားသူတွေဆီကိုလည်း လေထဲကနေတစ်ဆင့် ရောဂါပိုးတွေ ပြန့်သွားမှာပါ။

၂။ ဖျားဖို့ ရာခိုင်နှုန်း များလာပါပြီ။ လူတော်တော်များများ မသိတဲ့အချက်က လူ့အရေပြားဆိုတာ ရောဂါကို တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ်ရဲ့ အပြင်ဘက်ဆုံးမှာရှိတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ ဝင်ရောက်ဖို့ အပြင်ပိုင်း အရေပြားကို အရင်ဖြတ်ကျော်ရပါတယ်။ ပုံမှန်ကတော့ အရေပြားပေါ်မှာ ကပ်ကျန်နေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို အရေပြားက ထိန်းသိမ်းထားနိုင်ပေမယ့် အကောင်ရေများသထက် များလာတဲ့အခါ ဘယ်လိုမှ ထိန်းမရတော့ဘဲ ခန္ဓာကိုယ်ထဲကို ဖြတ်သန်းဝင်ရောက်လာပါတော့တယ်။ ဒီအခါကျရင် အတွင်းက ကိုယ်ခံအားစနစ်လည်း ရောဂါပိုးတွေကို မခုခံနိုင်တော့တဲ့အတွက် ဖျားနာဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။

၃။ အရေပြား ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ရေမချိုးတာ ကြာလာတဲ့အခါ အရေပြားက ဆီရွှဲပြီး ငန်ကျိကျိဖြစ်လာမယ်။ ဆီဆိုတာကတော့ ချွေးပေါက်ကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ အဆီဖြစ်ပြီး ငန်ကျိကျိဖြစ်တယ်ဆိုတာကတော့ ချွေးနဲ့ အရေပြားပေါ်က အညစ်အကြေးတွေ ရောသွားလို့ ဖြစ်လာတဲ့ အရသာပါ။ ဒီလိုမျိုး ဖြစ်လာပြီဆိုရင် အရေပြားပျက်စီးဖို့ ပိုလွယ်ကူပြီး မှိုပိုး၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေက ပျက်စီးနေတဲ့ အက်ကွဲကြောင်းကနေ သွေးကြောထဲကို ဝင်ရောက်ကာ အရေပြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေထဲမှာ မှဲ့ခြောက်တွေ၊ အသားပပ် အက်ကွဲခြင်း၊ အရေပြားမှိုစွဲခြင်း၊ ညှင်းပေါက်ခြင်း၊ အရေပြား အရောင်မှိန်လာခြင်း၊ ဝက်ခြံထွက်ခြင်းတွေ ပါဝင်ပါတယ်။

၄။ အနံ့ဆိုးတွေ လှိုင်လှိုင်ထွက်လာမယ်။ လူတွေ သိပ်မသိသေးတဲ့ အချက်တစ်ခုကို ပြောပြပေးချင်ပါတယ်။ တကယ်တော့ လူတွေပြောပြောနေတဲ့ ချွေးနံ့ နံတယ်ဆိုတာ ချွေးကြောင့်ထွက်တဲ့ အနံ့မဟုတ်ဘဲ အရေပြားပေါ်က ဘက်တီးရီးယားပေါက်ဖွားမှုကြောင့် ဖြစ်လာတဲ့ အနံ့ပါ။ ဒီတော့ နှစ်ရက်တိတိ ရေမချိုးတဲ့အချိန်မှာ အကောင်ရေ ရာပေါင်းထောင်ပေါင်းများစွာသော ဘက်တီးရီးယားတွေက ခန္ဓာကိုယ်အနှံ့မှာ ရှိနေပြီဆိုတော့ အနံ့ဆိုးထွက်မှာကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူးနော်။

၅။ အရေပြား မွဲခြောက်လာမယ်။ ပုံမှန်ကတော့ အရေပြားကနေ သဘာဝအဆီတွေ ပုံမှန်ထွက်ရှိပြီး အသားအရေကို ချောမွေ့အောင် ထိန်းပေးပါတယ်။ ဒါပေမယ့် ဒီအဆီတွေက အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားတွေနဲ့ ပြည့်သွားတဲ့အတွက် ချောမွေ့အောင် ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပါဘူး။ ဒီတော့ ရေမချိုးလို့ ခန္ဓာကိုယ်က စေးကပ်ကပ်ဖြစ်လာပေမယ့် အသားကို ပိုပြီးခြောက်သွားစေဖို့ လမ်းစဖော်ပေးလိုက်တာနဲ့ အတူတူပါပဲ။

ဒီတော့ ရေချိုးမလား၊ မချိုးဘူးလားဆိုတဲ့ အမေးကို ကျွန်တော့်အနေနဲ့ ဖြေပေးရမယ်ဆိုရင် နေ့တိုင်း ရေချိုးပေးတာကတော့ အကောင်းဆုံးဆိုပေမယ့် တစ်ရက်တလေ မချိုးဘဲ နေလိုက်လို့ ရပါတယ်။ ၄၈ နာရီ၊ ၂ရက်ထက် ပိုပြီး ရေမချိုးဘဲ နေတာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ အရေပြားဆိုတာ အလှအပအတွက်သာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ပစ်ထားလို့ မဖြစ်ပါဘူးနော်။

www.hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ #cool #alum #deodorantspray

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by COOL'S Alum. Proudly created with Wix.com

bottom of page