top of page
Search

ခြေဆီနံ့ပျောက်ကင်းစေမည့်နည်းလမ်း ၇ မျိုး

  • Writer: Htoo Wai Lwin
    Htoo Wai Lwin
  • Nov 7, 2020
  • 1 min read

သင့်ခြေထောက်ကထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကိုခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်ဖော်ပြပါဆောင်းပါးမှာ ခြေဆီနံ့ကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုးကို ဖော်ပြပေးထားပါတယ်။

၁။ မုန့်ဖုတ်ဆော်ဒါ မုန့်ဖုတ်ဆော်ဒါ ဟာ ခြေနံ့ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏ ကို ဓါတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ်ရေနွေး ဝ.၉၄ လီတာ နဲ့ ရောလိုက်ပါ။ နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂၀ထိ ခြေထောက်နှစ်ပေးပါ။ တစ်ပတ်လောက်ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

၂။ ကျောက်ချဉ် ကျောက်ချဉ်မှုန့် မှာ ပိုးသေစေသောအာနိသင် တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ် ကို သုံးတာလည်း ခြေနံ့ပျောက်ကွယ်သွားဖု့ိ နည်းလမ်းတစ်ခုပါပဲ။ ကျောက်ချဉ်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲထည့်ပါ။ ဒီအရည်နဲ့ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိ သေချာဆေးကြောပြီး အခြောက်ခံပါ။ မြန်မြန်သိသာချင်ရင်တော့ ကျောက်ချဉ်အမှုန့် အချို့ကိုယူပြီးခြေထောက်မှာဖြူးထားပေးနိုင်ပါတယ်။ နေ့စဉ်လုပ်ပေးပါ။

၃။ ဆားခါး ခြေနံ့ထွက်ခြင်းကိုကုသပေးနိုင်တဲ့အပြင် ဆားခါး ဟာ ခြေဖဝါးနာကျင်တဲ့လူတွေအတွက်လည်းကောင်းမွန်ပါတယ်။ ဆားခါး လက်ဖက်ရည်ဇွန်း၂ဇွန်းကို ရေနွေးနွေးထဲထည့်ပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ တစ်ရက်တစ်ကြိမ် ပြုလုပ်ပေးပါ။

၄။ လက်ဖက်မည်း (Black tea) လက်ဖက်မည်း အိတ်၂အိတ်ကို ရေဆူဆူ၃ခွက်ထဲ အတူတူထည့်ပြုတ်ပါ။ ပြီးတဲ့နောက် ရလာတဲ့အရည်ကို အေးသွားအောင် ရေတစ်ပုံးလောင်းထည့်ပါ။ ၁၅မိနစ်မှ မိနစ်၂၀ထိ ထိုအရည်ထဲခြေထောက်စိမ်ပါ။ နေ့စဉ်လုပ်ပေးပါ။

၅။ ရှာလကာရည် ရှာလကာရည်တစ်ခွက်နဲ့ ရေ ၆ခွက်မှ ၈ခွက်ထိ ရောပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိခြေထောက်စိမ်ပါ။ ပြီးရင်ရေနဲ့သေချာပြန်ဆေးပေးပါ။ တစ်ရက်တစ်ကြိမ်လုပ်ပါ။

၆။ သကြား ခြေဖဝါးရဲ့ ဆဲလ်သေတွေကိုဖယ်ရှားဖို့နဲ့ ခြေနံ့ကိုဖျောက်နိုင်ဖို့ သကြားကိုသုံးပါ။ သကြား၊ ရေ နဲ့ isopropyl alcohol ၉၁ ရာခိုင်နှုန်းအထက် တို့ကို ရောလိုက်ပါ။ ရလာတဲ့အရောနဲ့ ခြေထောက်ကို ၅မိနစ်မှ ၁၀မိနစ်ထိတိုက်ပေးပါ။ ဒါက ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ်လုပ်ပေးပါ။

၇။ ချင်း ချင်းကို အရင်ထောင်းလိုက်ပါ။ ရလာတာတွေကို ရေနွေးတစ်ခွက်နဲ့ရောပြီး ခြေထောက်ကို ၁၀မိနစ်မှ ၁၅မိနစ်ခန့်ထိ နှိပ်နယ်ပေးပါ။ နေ့စဉ်လုပ်ပါ။ Cool's Alum (ကျောက်ချဥ် အနံ့ဆိုးပျောက်ဖြန်းဆေး) စျေးနှုန်း ၂၀၀၀ ကျပ် 09444453837 #cool #alum #deodorantspray #madeinmyanmar


 
 
 

1 Comment


Tioo Moe
Tioo Moe
Jun 30, 2021

缅甸性爱色情片

Like
Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by COOL'S Alum. Proudly created with Wix.com

bottom of page