ရှုးဖိနပ်တွေ အနံ့ဆိုးစွဲမနေအောင် ထိန်းသိမ်းနည်း
- Htoo Wai Lwin
- Nov 7, 2020
- 1 min read
သင့်ရဲ့ ခြေထောက်မှာရှိတဲ့ ချေွးဂလင်းတွေက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပိုများတယ်ဆိုတာ သိပါသလား။
ခြေထောက်ကချေွးထွက်များတဲ့အခါ ခြေအိတ်နဲ့ ဖိနပ်မှာ စိုစွတ်သွားပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားလာခြင်းက ဖိနပ်အနံ့ဆိုးတွေ ထွက်ရတဲ့အကြောင်းရင်းတစ်ခု ဖြစ်လာပါတယ်။
သင်ဖိနပ်ရဲ့ အနံ့ဆိုးတွေကို ဘေးပတ်၀န်းကျင်က လူတွေက အလွယ်တကူသတိထားမိနိုင်တာကြောင့် ရှက်စရာတစ်ခုပါပဲ။
ဒါ့ကြောင့် ခြေထောက်နဲ့ ဖိနပ်က အနံ့ဆိုးတွေ မထွက်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ခြေထောက်ဆေးပါ
ဖိနပ်တွေက အနံ့ဆိုးဟာ ခြေထောက်တွေက စပါတယ်။ သင့်ခြေထောက်ကို သန့်ရှင်းအောင် ဂရုစိုက်ပါ။ ခြေထောင်ပုံမှန်ဆေးပါ။ ရေလောင်းပြီး အနည်းအကျဉ်းပွတ်လိုက်ရုံမဟုတ်ပဲ သေချာတိုက်ခွျတ်ဆေးကြောပါ။ အထူးသဖြင့် ဖနောင့်နဲ့ ခြေဖဝါးကို သေချာဆေးပါ။ ခြေထောက်က အန့ဆိုးမထွက်ရင် ဖိနပ်ကလည်း အန့ဆိုးထွက်နိုင်ခြေ နည်းသွားပယလိမ့်မယ်။
၂။ ဖိနပ်ကို အလှည့်ကျပြောင်းစီးပါ
ဖိနပ်တရံထဲကို အမြဲတမ်းစီးတာထက် နှစ်ရံသုံးရံလောက်ကို အလှည့်ကျစီးတာက ဖိနပ်ရဲ့သက်တမ်းကို ကြာရှည်ပိုခံစေနိုင်သလို အနံ့ဆိုးမထွက်အောင်လည်း အထောက်အကူဖြစ်စေပါတယ်။ ဖိနပ်တစ်ရံထဲကို ထပ်တလဲလဲစီးနေမယ်ဆိုရင် ကောင်းမွန်စွာ လေသလပ်ခြောက်သွေ့ချိနိမရတာကြောင့် အနံ့ဆိုးတွေက ရှောင်လွှဲလို့မရနိုင်ပါဘူး။
၃။ ဖိနပ်တွေကို ပုံမှန်ထိန်းသိမ်းပါ
ဖိနပ်တွေအလှည့်ကျစီးတာအပြင် သေချာထိန်းသိမ်းဖို့လည်း လိုပါတယ်။ ဖိနပ်ကို ချွတ်လိုက်ပြီဆိုတာနဲ့ သန့်ရှင်းရေးလုပ်တာ၊ နေလှန်းတာ စသဖြင့် ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားမလာစေနိုင်အောင် ထိန်းသိမ်းသင့်ပါတယ်။ လျှော်လို့ရတဲ့ ဖိနပ်တွေကို ပုံမှန်လျှော်ပေးပါ။ ဖိနပ်အတွင်း အပြင်မှာ အညစ်အကြေးတွေ ရှိမနေအောင် ဂရုစိုက်ပါ။
၄။ ချွေးစုပ်တဲ့ ခြေအိတ်တွေ ဝတ်ပါ။
ခြေအိတ်မပါပဲ ရှုးဖိနပ်တွေစီးတာဟာ ဖိနပ်မှာ အနံ့ဆိုးတွေ စွဲနေစေတဲ့ အဓိကအကြောင်းရင်းပါပဲ။ ဒါကြောင့် ရှုးဖိနပ်တွေစီးမယ်ဆိုရင် ခြေအိတ်စွပ်ပါ။ ခြေအိတ်ဝတ်ရာမှာ ချွေးစုပ်နိုင်တဲ့ ချည်သားနဲ့ ထုတ်လုပ်ထားတဲ့ ခြေအိတ်တွေဆိုရင် ပိုကောင်းပါတယ်။ ခြေထောက်က ထွက်တဲ့ ချွေးကို ခြေအိတ်က စုပ်ယူထားပေးနိုင်တာကြောင့် ဖိနပ်နဲ့ ထိတွေ့မှု နည်းသွားစေနိုင်ပြီး အနံ့ဆိုးစွဲမနေအောင် ကာကွယ်ပေးနိုင်ပါတယ်။
၅။ ချွေးနံ့ပျောက်ဖြန်းဆေးကိုအသုံးပြုပါ
ဖိနပ်မှ အနံ့ဆိုးများ နဲ့ ခြေထောက်မှ အနံ့ဆိုးများ ဖယ်ရှား ဖို့အတွက်လဲ COOL's ချွေးနံ့ပျောက် ဖြန်းဆေးကိုလဲ အသုံးပြုနိုင်ပါတယ်
Comments